ကျွန်းစုမြို့နယ်အတွင်း ၂၀၁၉ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိ

ကျွန်းစု ဒီဇင်ဘာ ၁၆

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်  ကျွန်းစုမြို့နယ်တွင် ၂၀၁၄ခုနှစ်က သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုအား နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ရန်အတွက် (၂၀၁၉)ခုနှစ်၊ ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းများအား ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၂) ရပ်ကွက်တွင် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့ဝင်များက ကွင်းဆင်း ကောက်ယူ လျက်ရှိကြောင်း သိရသည်။

 

852

 

 “ကျွန်းစုမြို့နယ်အတွင်းမှာ ရပ်ကွက်/ကျေးရွာ အုပ်စု(၁၆)ခုမှ ကောက်ကွက်ကျေးရွာ(၁၆)ရွာတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ ဒီဇင်ဘာလ(၂၄)ရက်အထိ အုပ်စု(၂)စုခွဲပြီး ကပကျေးရွာ၊ ရေမြစ်ကြီး ကျေးရွာအုပ်စု- နေကြာအော်ကျေးရွာ၊ ကတ္တလူကျေးရွာ၊ ကမ်းကြီးကျေးရွာအုပ်စု-တီးပူကျေးရွာ စတဲ့ ကျေးရွာ (၇)ရွာကို သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို ကွင်းဆင်းကောက်ယူထားပြီး ဒီကနေ့မှာ မြို့ပေါ်အမှတ်(၂)ရပ်ကွက်နှင့် စခန်းသစ်အုပ်စု-တောင်ပျိုကျေးရွာတို့မှာ ကွင်းဆင်း ကောက်ယူလျက် ရှိပါတယ်၊ ကျန်ရှိတဲ့ ကျေးရွာ(၇)ရွာကို ဒီဇင်ဘာလ(၂၄)ရက်အထိ ကွင်းဆင်း ကောက်ယူ သွားမှာဖြစ်တယ် ဟု မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ  လ.ဝ.က မှူး ဦးရဲလွင်ကဆိုသည်။

 

896325

 

ယင်းသို့ အမှတ်(၂)ရပ်ကွက်အတွင်း သန်းခေါင်စာရင်းဆိုင်ရာများ စာရင်းကောက်ယူရာတွင် မြို့နယ်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဉက္ကဌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်ထွန်းလင်းတို့က လိုက်လံကြည့်ရှူ စစ်ဆေးခဲ့ကြပြီး ကျေးရွာတစ်ရွာလျှင် နေအိမ်(၃၅)အိမ်စီကို မြိတ်မြို့၌ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်/ စာရင်းကောက်ယူရေးဆိုင်ရာ သင်တန်းသို့ တက်ရောက်ခဲ့ပြီး ဖြစ်သည့် စာရင်းစစ်တစ်ဦးနှင့်စာရင်းကောက်(၄)ဦးတို့က လူဦးရေဆိုင်ရာများ၊ လူမှုရေး၊ ပညာရေး၊ စီးပွား၊ အိမ်နှင့်ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ စသည့် ကြားဖြတ် သန်းခေါင်ဆိုင်ရာ အချက်အလက်များကို ဒီဇင်ဘာလ(၂၄)ရက်နေ့အတွင်း ဆက်လက်ကွင်းဆင်း၍ ကောက်ယူ ပြုစုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

89321014782

 

စည်သူရအောင်(ကျွန်းစု)