ကန့်ဘလူ၌ ဒီဇင်ဘာအားကစားလ လမ်းလျှောက်ပွဲအပြန် ကျောင်းသားသုံးဦး ဆိုင်ကယ်အတိုက်ခံရ

ကန့်ဘလူ  ၁၅   ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် GTI ကျောင်းရှေ့ မြို့ရှောင်ကွင်းလမ်းတွင် ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီခွဲခန့်က ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲအပြန် ကျောင်းသားသုံးဦး ဆိုင်ကယ်အတိုက်ခံခဲ့ရကြောင်း သိရသည်။

GTI ကျောင်းရှေ့ မြို့ရှောင်ကွင်းလမ်းတွင် တောင်မှမြောက်သို့ ကန်ဘလူမြို့အမှတ်(၃)ရပ်ကွက်ရှိ အောင်ရတနာ ဘော်ဒါဆောင်နေ GTI ပထမနှစ်ကျောင်းသား မောင်မြတ်မင်းခန့် စီးနင်းလာသော ဆိုင်ကယ်မှ လမ်းလျှောက်ပွဲအပြန် မြောက်မှတောင်သို့လမ်းလျှောက်လာသော မောင်ဝေယံမင်းထက်၊ မောင်ဇော်၊ မင်းထွေးနှင့် မောင်မင်းထက်သာ (တက္ကသိုလ်ဝင်တန်းအပြင်ဖြေ)သုံးဦးလုံးအား ဝင်တိုက်မိခဲ့၍ ဆိုင်ကယ်စီးသူ အပါအဝင် လေးဦးမှာ ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။

ဆိုင်ကယ်အတိုက်ခံရသူများအနက် တက္ကသိုလ်ဝင်တန်း မောင်ဇော်မင်းထွေးမှာ ညနေ ၇ နာရီခန့်က ကွယ်လွန်သွားကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)