ကန့်ဘလူမြို့တွင် စွန့်ပစ်ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ကန့်ဘလူ  ၃၀  မတ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မတ် ၂၉ ရက် ည ၁၁ နာရီခန့်က အမှတ်(၃)ရပ်ကွက်နေ ဦးထိန်လင်း၏ စွန့်ပစ်ထားသောဆေးလိပ်မီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ အိပ်ပျော်နေစဉ် စွန့်ပစ်ဆေးလိပ်မီးမှတစ်ဆင့် ရေနံချေးသုတ်ထားသည့် ဟောင်းနွမ်း ဆွေးမြည့်နေသော ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ လာရောက်ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၅၅ မိနစ်၌ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

a

 

အဆိုပါ မီးလောင်မှုကြောင့် (၈×၉)ပေ သွပ်မိုး၊ထရဲကာ၊မြေစိုက်ဆိုင်ခန်း သုံးခန်း၊(၂၇×၁၈)ပေသွပ်မိုး၊ ထရံကာပျဉ်ခင်းနှစ်ထပ် လူနေအိမ်တစ်လုံး၊Kenbo 125 ဆိုင်ကယ် နှစ်စီး၊Canda125 ဆိုင်ကယ် တစ်စီး၊ ဆူပါကပ်ဆိုင်ကယ် နှစ်စီး၊Zyong Chang 125 တစ်စီး၊လျှပ်စစ်မီတာနှစ်လုံး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ဦးထွန်းကျော်(၇၆)နှစ် ယာပေါင်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)၊ဦးမောင်နိုင်(၃၉)နှစ် ဝဲလက်မောင်း မီဟပ်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဦးထိန်လင်း(၃၆)နှစ် ဝဲလက်ဖျန်မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရှိခဲ့ကြောင်း သိရသည်။ 
            
အောင်ဝင်းငြိမ်း(ကန့်ဘလူ)