ကန့်ဘလူခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးချိန် သီးနှံစုံ ၃၅၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ကန့်ဘလူ   ဒီဇင်ဘာ   ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ရှိ မြို့နယ်များတွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံစုံ ၃၅၃၂၄၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကန့်ဘလူခရိုင်ရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွသ် ဆောင်းရာသီ သီးနှံစုံစိုက်ပျိုး ပြီးစီးမှုအနေဖြင့် ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ) သီးနှံအနေဖြင့် ၁၀၇၄၈၈ ဧကကို လည်းကောင်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ) ၂၂၂၀၇၀ ဧကကို လည်းကောင်း၊ စက်မှုသီးနှံ (ချက်ကြံနု၊ လမိုင်း၊ ခင်းသစ်) ၂၀၅ ဧကကို လည်းကောင်း၊ စားဖိုဆောင်သီးနှံ  ၁၇၇ ဧကကို လည်းကောင်း၊ အခြားသီးနှံ(ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း) ၂၃၂၉၀ ဧကကို လည်းကောင်း စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

 

ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံစုံ စုစုပေါင်း ၄၁၇၄၉၇ ဧက စိုက်ပျိုးရန် လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ၃၅၃၂၄၁ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)