ကမမောင်းမြို့တွင် သခွားသီးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကမမောင်း ဒီဇင်ဘာ ၈

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တောင်သူတစ်ဦး၏ လယ်မြေတွင် မိသားစုအပိုဝင်ငွေများ ပိုမိုရရှိနိုင်သည့် သခွားသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါသခွားသီးကို စိုက်ပျိုးရာတွင် မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်သော်လည်း သဲနှုန်းမြေဖြစ်ပါက ပိုမွန်ကောင်းမွန်သည်။ မြေကို ဦးစွာပြုပြင်ပြီး ဘောင်ဖြင့် ပျိုးထောင်စိုက်ပျိုးရသည်။ ပေါင်းပင်များနုတ်ခြင်း၊ မြေဆွပေးခြင်းများ လုပ်ဆောင်ပေးရပြီး စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် အသီးများစတင်ထွက်ရှိကာ (၅)ရက်လောက်အကြာတွင် ခူးဆွတ်၍ ရောင်းချနိုင်ပြီးဖြစ်သည်။

 

ကမမောင်းမြို့တွင် သခွားသီးတစ်ပိဿာလျှင် ဖောက်သည်ဈေး ကျပ် ၁၀၀၀ နှုန်းရှိပြီး ပြန်လည်ရောင်းချသူများအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၆၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိသဖြင့် မိသားစုစား၀တ်နေရေးအတွက် အပို၀င်ငွေရရှိနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)