ကွမ်းဈေးကောင်းရသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ရွှေသောင်ယံ  ၂၀  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့ရှိ ကွမ်းစိုက်တောင်သူများ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပြီး အထွက်နှုန်းကောင်းခြင်း၊ ဈေးနှုန်းသင့်တင့်စွာ ရရှိခြင်းကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

“ကွမ်းကိုတစ်လကို (၂)ကြိမ် ခူးယူရှိပြီး တစ်ကြိမ်ခူးလျှင် ကွမ်း ၂၅ ပိဿာခန့် ထွက်ရှိပါတယ်၊ လာမယ့်နှစ်တွင် ကွမ်းညွန့်ခြံများပြုလုပ်၍ ကွမ်းညွန့်နှစ်သိန်းခန့် ရောင်းချရန်အတွက် ဆောင်ရွက်နေကြောင်း ရွှေသောင်ယံမြို့မှ ကွမ်းခြံလုပ်ငန်းလုပ်ကိုင်သူ ကိုအောင်ထက်ထံမှ သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)