ကမ္ဘာ့မြေပေါ်တွင် အိုင်အက်စ်အကြမ်းဖက်သမားတွေအတွက် နေရာမရှိတော့ပြီ

ထွန်းသစ်စ - ရေးသားသည်

 

ဆီးရီးယားနိုင်ငံမှာရှိတဲ့ အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို တိုက်ထုတ်နိုင်ခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သလို စစ်ပွဲဒဏ်ခံ ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့တွေကို ပြန်လည် ဆုတ်ခွာဖို့ အံ့ဩစရာကောင်းတဲ့ အမိန့်တစ်ခုလည်း ထုတ်ပြန်လိုက်တယ်လို့ မကြာသေးမီက နိုင်ငံတကာသတင်းတွေမှာ တွေ့ရ၊ မြင်ရ၊ ကြားသိရတာ အတိုင်းအဆမရှိ ဝမ်းသာစရာကောင်းတဲ့ကိစ္စပဲ ဖြစ်ပါတယ်။

 

အမိမြေကို ပြန်ရောက်တော့မယ် 

 

လတ်တလော ဆီးရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၀ဝ၀ ခန့်ရှိပြီး သူတို့ဟာ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် အစွန်းရောက်အကြမ်းဖက်သမားတွေ ကို တိုက်ခိုက်နေတဲ့ ဌာနေတိုက်ခိုက် ရေးသမားတွေကို လေ့ကျင့်မှုနဲ့ အကြံ ဉာဏ်များ ပေးနေသူတွေဖြစ်ကြောင်းလည်း သိရပါတယ်။ 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အမိန့်အရဆိုရင် သူတို့တွေလည်း မကြာမီမှာ အမိမြေကို ပြန်လည်ရောက် ရှိလာတော့မှာ ဖြစ်ပါတယ်။ 

 

သို့သော်လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ဟာ ဆီးရီးယား နိုင်ငံအတွက် ချမှတ်ထားတဲ့ အမေ ရိကန်နိုင်ငံရဲ့ အစဉ်အလာ မူဝါဒကို ဆန့်ကျင်သလိုတော့ ဖြစ်ခဲ့ပါတယ်။

 

 ပုံမှန်အားဖြင့်တော့ ဆီးရီးယား နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အမြဲစေလွှတ်ထားလေ့ရှိကာ စေလွှတ် ခံရတဲ့ တပ်ဖွဲ့ဝင်တွေကလည်း ဆီးရီးယားနိုင်ငံမှာရှိတဲ့ ဌာနေတိုက်ခိုက်ရေး သမားတွေကို အကြံပေးကူညီမှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။

 

အိုင်အက်စ်တွေကို နှိမ်နင်းနိုင်ခဲ့ပြီ 

 

လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ တွစ်တာပေါ်တင်ထားတဲ့ ရုပ်သံဖိုင် မှာတော့ အမေရိကန်သမ္မတ ကမ္ဘာ့မြေပေါ်တွင် အိုင်အက်စ်အကြမ်းဖက်သမားတွေအတွက် နေရာမရှိတော့ပြီ ထွန်းသစ်စ ဆီးရီးယားနိုင်ငံမှာရှိတဲ့ အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို တိုက်ထုတ်နိုင်ခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သလို စစ်ပွဲဒဏ်ခံ ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့တွေကို ပြန်လည် ဆုတ်ခွာဖို့ အံ့ဩစရာကောင်းတဲ့ အမိန့်တစ်ခုလည်း ထုတ်ပြန်လိုက်တယ်လို့ မကြာသေးမီက နိုင်ငံတကာသတင်းတွေမှာ တွေ့ရ၊ မြင်ရ၊ ကြားသိရတာ အတိုင်းအဆမရှိ ဝမ်းသာစရာကောင်းတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ 

 

ဒေါ်နယ်ထရမ့်က မိမိတို့အနေဖြင့် အိုင်အက်စ်အစွန်းရောက် အကြမ်းဖက် သမားများကို အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း နဲ့ အိုင်အက်စ်အကြမ်းဖက်သမားများကို တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ထိထိရောက်ရောက် နှိမ်နင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

 

အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားမှ ဆုတ်ခွာသွားတဲ့အတွက်တော့ အိုင် အက်စ်အကြမ်းဖက်သမားတွေကို တိုက် ခိုက်ခဲ့တဲ့ ဆီးရီးယားရှိ အမေရိကန် ထောက်ပံ့ခံ ကာ့ဒ်တိုက်ခိုက်ရေးသမား တွေရဲ့ ကံကြမ္မာကတော့ ဘယ်သို့ ဘယ်ပုံ ဖြစ်မည်မသိသေး။ 

 

သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ထုတ်ပြန်ချက် အရဆိုရင်တော့ အိုင်အက်စ်အကြမ်းဖက်သမားတွေ မရှိတော့တဲ့အတွက် သူတို့ လည်း အေးအေးချမ်းချမ်း နေထိုင်သွား ရတော့မှာပဲ ဖြစ်ပါတယ်။

 

ပျော်ရွှင်မှုတွေနဲ့ အိမ်ပြန် 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆီးရီးယားမှ တပ်ဖွဲ့ဝင်များ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ဟာ လွန်ခဲ့တဲ့ အင်္ဂါနေ့ ကမှ အပြီးသတ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် များ ပြန်လည်ဆုတ်ခွာဖို့ အမိန့်ကြေညာ ချက်ထွက်ပြီးနောက် ပင်တဂွန်အရာရှိ များဟာ သမ္မတ၏ အမိန့်ကိုသဘောကျ သည့်အလား အောင်ပွဲခံဟစ်ကြွေး ခဲ့ကြောင်းနှင့် ယခုအခါတွင် ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဖွဲ့ဝင်များ အိမ်ပြန်ရေးအတွက် လုပ်ငန်းဆောင်တာများ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

အေးချမ်းမှုရောင်နီ 

 

အမိမြေကို ပြန်လည်ရောက်ရှိ လာမယ့် တပ်ဖွဲ့ဝင်တွေအတွက်လည်း ဝမ်းသာစရာကောင်းသလို အိုင်အက်စ် အစွန်းရောက် အကြမ်းဖက်သမားတွေ မရှိတော့တဲ့အတွက် ဆီးရီးယားနိုင်ငံဟာ အေးချမ်းမှုရောင်နီတွေ စတင်အစပျိုးလာ တော့မယ့်သဘောကို လှစ်ဟပြနေသလိုပါပဲ။ 

 

အကယ်၍ အကြမ်းဖက်အစွန်း ရောက်သမားတွေသာ ဆက်ရှိနေမယ် ဆိုရင် သူတို့ရှိတဲ့ နိုင်ငံ၊ ဒေသတွေဟာ အေးချမ်းတော့မှာ မဟုတ်သလို သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ တစ်ဝန်းမှာ လုပ်ဖို့လည်း ဝန်လေးနေမယ့် သူတွေမဟုတ်ပါဘူး။ 

 

ဟိုနေရာမှာ အသေခံဗုံးခွဲမှု ဖြစ်လိုက်၊ ဒီနေရာမှာ အသေခံဗုံးခွဲမှုဖြစ်လိုက်၊ ဟိုနေရာမှာ အကြမ်းဖက်လုပ်ရပ်တွေ ကြားလိုက်၊ ဒီနေရာမှာ အကြမ်းဖက်လုပ် ရပ်တွေကြားလိုက်နဲ့ ထစ်ခနဲဆို သူတို့ရဲ့ လက်ချက်တွေ မကြားချင်မှ အဆုံးပါပဲ။ အခုတော့ အဲဒီလိုမျိုးသတင်းတွေ သိပ် ကြားရတော့မယ့် ပုံစံမရှိတော့ပါဘူး။

 

အဆုံးသတ်နိုင်ခဲ့ပြီ 

 

ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ် အစွန်းရောက်အကြမ်းဖက်သမားတွေကို လုံးဝတိုက်ထုတ်နိုင်ခဲ့သလို အီရတ်နိုင်ငံ ဝန်ကြီးချုပ် အဘာဒီက အိုင်အက်စ်လို့ လူသိများတဲ့ အစ္စလာမ္မစ်အဖွဲ့ကို အီရတ် မြေပေါ်က တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်လို့ အိုင်အက်စ်တို့အပေါ် သုံးနှစ်ကျော်ကြာ ဆင်နွှဲခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီဖြစ် ကြောင်း မကြာသေးမီက ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။ 

 

တဖြည်းဖြည်းနဲ့ အိုက်အက်စ် အကြမ်းဖက်သမားတွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တာ ကမ္ဘာကြီးငြိမ်းချမ်းဖို့ အတွက် လမ်းခင်းပေးလိုက်သလိုပါပဲ။ က္ဘာကြီး အေးချမ်းတော့မယ်ဆိုပါက ကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာ သူ ကမ္ဘာသားတွေလည်း အေးချမ်းမှု ရရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။

 

အိုင်အက်စ်တွေရဲ့ တန်ခိုးထွားချိန် 

 

ဟိုးအရင် လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်က အိုင်အက်စ်တို့ဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ လျင်မြန်စွာ ကြီးထွားလျက် ရှိခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားနိုင်ငံ အစိတ် အပိုင်းအတော်များများကို ထိန်းချုပ်ပြီး အစ္စလာမ္မစ်နိုင်ငံတော်အဖြစ် ကြေညာခဲ့ပါသေးတယ်။ 

 

အိုင်အက်စ်အကြမ်းဖက်အုပ်စုဟာ မြေထဲပင်လယ်မှသည် ဘဂ္ဂဒက်မြို့ တောင်ပိုင်းအထိ နယ်မြေဧရိယာ ၃၄၀ဝ၀ စတုရန်းမိုင်ကျော် သိမ်းပိုက်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိမှတ်ခဲ့ရပါတယ်။ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့ဟာ လူသစ်စုဆောင်းမှုတွေကို ပြုလုပ်ပြီး အဖွဲ့ဝင်အင်အားတိုးပွားအောင် လုပ်ဆောင် လျက်ရှိကာ သူတို့ရဲ့ အကြမ်းဖက် ဝါဒကို ကမ္ဘာကိုလွှမ်းမိုးအောင် ကြိုးစားခဲ့ဖူးပါတယ်။

 

ထို့အတူပဲ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အီရတ်နိုင်ငံကို ခြိမ်းခြောက်လျက်ရှိပြီး အီရတ်သန်း ပေါင်းများစွာရဲ့ နေ့စဉ်ဘဝတွေကိုလည်း ခြိမ်းခြောက်ခဲ့သလို ဆီးရီးယားနိုင်ငံကို ခြိမ်းခြောက်ခဲ့ကာ ထိုမှတစ်ဖန် ကမ္ဘာ တစ်ဝန်းခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

 

အဲဒါကြောင့် တစ်ချိန်တုန်း က အိုက်အက်စ် အကြမ်းဖက်အဖွဲ့ကို အားကျတဲ့ ဆရာဝန်တွေ၊ ကျောင်း ဆရာတွေ၊ တရားသူကြီးတွေ၊ စားဖိုမှူး တွေနဲ့ ရှေ့နေတွေ အပါအဝင် အီရတ် ထောင်ပေါင်းများစွာဟာလည်း အိုင် အက်စ်အကြမ်းဖက်အုပ်စုမှာ သစ္စာခံဖို့ လာရောက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့ခဲ့

 

အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်စစ်သွေးကြွအဖွဲ့ဟာ ဂျီဟတ်စစ်ပွဲဆင်နွှဲနိုင်ရေး တစ်က္ဘာလုံးအကြမ်း ဖက်ဝါဒ ပြန့်ပွားရေးကို နည်းအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။

 

အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက်စစ်သွေးကြွအဖွဲ့ရဲ့ အကြမ်း ဖက်ဝါဒဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုရင် ၎င်းတို့ အခြေပြုရာ အီရတ်၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီးရီးယားမှ သည် အရှေ့တောင်အာရှ၊ ထိုမှတစ်ခါ ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျ စတဲ့ နိုင်ငံတွေအထိတောင်မကတစ်ကမ္ဘာလုံးထိတိုင်အောင် ကူးစက်ပျံ့နှံ့လာခဲ့တာကို တွေ့ခဲ့ရပါတယ်။

 

အကြမ်းဖက်မှုတွေရှိရင် တိုင်းပြည်မအေးချမ်းနိုင်သလို ကမ္ဘာလောကကြီး လည်း အေးချမ်းနိုင်မယ် မထင်ပါဘူး။

 

နေဝင်မိုးချုပ်ပြီ

 

အကြမ်းဖက်မှုတွေရှိရင် အဲဒီဒေသ၊ အဲဒီနိုင်ငံဟာ ဘယ်တော့မှ အေးချမ်းမှာမဟုတ်ပါဘူး။ မအေးချမ်း တဲ့အတွက် ဖွံ့ ဖြိုးတိုးတက်မှုလည်း အားစိုက်မဆောင်ရွက်နိုင်သလို စီးပွား ရေးမှာလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ နောက်ဆုံးမှာ ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါဟာ ကြောက်စရာ ကောင်းလှပါတယ်။

 

သူတို့ကို အမြစ်မြေလှန်ရှင်းလင်းနိုင်မှ တော်ကာကျမှာ ဖြစ်ပါတယ်။အဲဒီလို ဆောင်ရွက်ရာမှာ ပါးနပ်စွာ လုပ်ကိုင်တတ်ဖို့ လိုအပ်ပါတယ်။ အခုတော့ သူတို့တွေ နေဝင်မိုးချုပ် ဇာတ်သိမ်းလေပြီလားမသိ။

 

မည်သို့ပင်ဆိုစေ အခုလို အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်သမားတွေကို လုံးဝအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တာကိုပဲ ဂုဏ်ယူရမှာ ဖြစ်သလို ဝမ်းမြောက်ဝမ်းသာကြိုဆိုရမှာပဲဖြစ်ပါတယ်။ ဒါမှသာ ကမ္ဘာ လောကကြီးအေးချမ်းပြီး ကမ္ဘာကြီးမှာ မှီတင်းနေထိုင်တဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ အေးချမ်းမှုရရှိတော့မှာပဲ ဖြစ်ပါတယ်။ ။

 

ကိုးကား - အေအက်ဖ်ပီ