ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပေး

ဆော ၂၈ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  (၁၄)ကြိမ်မြောက် “World Rabies Day” ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ဆောမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းစိန်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာများနှင့် ကာကွယ်ရမည့်နည်းလမ်းများ၊ တိရစ္ဆာန်မှ တစ်ဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ တိရစ္ဆာန်နှင့်လူအကြား ရောဂါကူးစက်မှု မခံရအောင် သတိထားလိုက်နာရမည့်အချက်များ၊ အိမ်မွေးတရစ္ဆာန် ခွေး၊ ကြောင်များကို ခွေးရူးရောဂါ မကူးစက်နိုင်အောင် ကာကွယ်မှုနည်းလမ်းများကို အသိပညာပေးပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ မွေးမြူထားသော ခွေးအကောင်ရေ(၂၅)ကောင်ကို ခွေးရူးရောဂါကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

mdn