ကမ္ဘာကျော်ဘောလုံးသမား နေမာအား ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေး ကာလအတွင်း ပေးအပ်တဲ့ ထောက်ပံ့ကြေးငွေများ မှားယွင်းပေးအပ်ကြောင်း သိရ

၅ ဇွန်

 

ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေး ကာလအတွင်းမှာ ဝင်ငွေနည်း ဘရာဇီးနိုင်ငံသားတွေအား အစိုးရက ပေးအပ်တဲ့ ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ် ၁၂၀ ကို ကမ္ဘာမှာ ဈေးအကြီးဆုံး ဘောလုံးသမား နေမာ အား မှားယွင်းပြီး ပေးအပ်ထားကြောင်း ကြာသပတေးနေ့က ထုတ်ဝေတဲ့ UOL သတင်းစာမှာ ရေးသားထားပါတယ်။

 

ဗိုင်းရပ်စ်ပိုးထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံသားတွေအား အိမ်ထဲမှာပဲနေရန် အစီအစဉ်အရ ဝင်ငွေနည်းတဲ့ သန့်ရှင်းရေးသမားနဲ့ အိမ်အကူကဲ့သို့ အလုပ်သမားတွေအား ပြည်ထောင်စုအစိုးရကနေ အရေးပေါ် ထောက်ပံ့ကြေးငွေ ထောက်ပံ့နေကြောင်းသိရပါတယ်။

 

PSG ဘောလုံးအသင်းနဲ့ စာချုပ်ချုပ်ထားတဲ့ နေမာဟာ တစ်နှစ်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၅.၅ သန်း ရရှိကြောင်း သိရပါတယ်။

 

ကမ္ဘာကျော်ဘောလုံးသမား နေမာကတော့  သူထောက်ပံ့ကြေးရရန် စာမတင်ခဲ့ကြောင်းနဲ့ ဘယ်သူ လုပ်သလဲဆိုတာမသိကြောင်း အရေးပေါ်ထောက်ပံ့ရေးဌာနကို ပြောပါတယ်။

 

အမေရိကန်ဒေါ်လာ သန်းချီဝင်ငွေရှိတဲ့ နေမာရဲ့ နိုင်ငံသားစိစစ်ရေးကတ်ကို အသုံးပြီး ထောက်ပံ့ငွေ အတွက် စာတင်ခဲ့ကြောင်း တွေ့ရတဲ့အတွက် နေမာရဲ့ နိုင်ငံသားစိစစ်ရေးနံပတ် ခိုးမှုမြောက်တယ်လို့ ဆိုနိုင်ကြောင်း သတင်းမှာ ရေးသားထားပါတယ်။

 

ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ တတိယအများဆုံးအဖြစ် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေရဲ့ နောက်မှာ ရှိနေတာကိုတွေ့ရပါတယ်။

 

MDN

ကိုးကား - AFP