ကမ္ဘာကျော် DJ ပညာရှင်များ လာရောက်ဖျော်ဖြေမည့် Waterzonic Myanmar 2019 ပွဲတော် ရန်ကုန်မြို့၌ ကျင်းပမည်

Brave Entertainment မှ ဦးစီးပြီး နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသည့် Waterzonic Myanmar EDM ပွဲတော်ကြီးကို ယခုနှစ်တွင်လည်း အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်ရှိ The One Entertainment Park ၌ ညနေ ၄ နာရီမှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပွဲကြီးက ပြီးခဲ့တဲနှစ်တွေထက် ပိုပြီးထူးခြားလာတာတွေပါမယ်။ အခုနှစ်မှာ ပြည်ပကနာမည်ကြီး Dj ပညာရှင်ဖြစ်တဲ့ Greatest Dubstep Artist တစ်ယောက်ဖြစ်သူ ကနေဒါနိုင်ငံသား Excision ကိုလည်း ဖိတ်ခေါ်ထားပါတယ်၊ နောက်ထပ် တစ်ဖွဲ့ကတော့ Smash The House Record Label ရဲ့ ထိပ်တန်း Duo Dj Producer ဖြစ်တဲ့ Wolfpack ပါ၊ နောက်တစ်ယောက်ကတော့ နယ်သာလန်နိုင်ငံသား Noisecontroller ပါ၊ သူကတော့ Hardstyle Legendary Dj Producer တစ်ဦးလည်းဖြစ်ပါတယ်၊ အနာက်တစ်ဦးကတော့ Psytrance သံစဉ်တွေကို နားထောင်စီးမျောရင်း ရေတွေကြားမှာ ကခုန်ရတဲ့ဖီလင်းကို ခံစားရအောင် ဖန်တီးပေးမယ့် နာမည် ကြီး Dj Producer တွေထဲက တစ်ဦးဖြစ်တဲ့ Zanon ပါ၊ သူတို့အတွရဲ့ မြူးကြွတဲ့သံစဉ်တွေကို ခံစားရမှာပါ၊ အားလုံးကလည်း ကမ္ဘာ့နိုင်ငံကြီးတွေမှာ ဖျော်ဖြေနေတဲ့သူတွေချည်းပါပဲ"ဟု ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူ ကိုစိုးမိုးက ပြောသည်။

အဆိုပါ Waterzonic Myanmar EDM ပွဲတော်ကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ ယခုတစ်ကြိမ်ပါဆိုလျှင် သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ ပွဲတော်တွင် Aquapolis (ရေအောက်ကမ္ဘာ)ပုံစံ တင်ဆက်မှုများကိုလည်း တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း