ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ မြန်မာနိုင်ငံ သစ်တောကျောင်းနှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနအတွက် ထောက်ပံ့မည့် သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၃၀ ဇွန်

 

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ မြန်မာနိုင်ငံ သစ်တောကျောင်းနှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနအတွက် ထောက်ပံ့မည့် သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan မှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

မြန်မာနိုင်ငံ သစ်တောကျောင်းနှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းများ၏ ပညာရေးသင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ရေးအတွက် လိုအပ်ချက်များ ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်းနှင့် မြန်မာနိုင်ငံသစ်တောကျောင်း၏ သင်ရိုးညွှန်းတမ်းများအား ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းမျှော်မှန်းရလဒ် (၃.၁)ဖြစ်သည့် ဂေဟစနစ်အခြေပြု သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ သစ်တောကျောင်းနှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး ဌာနတို့အတွက် ယခုလွှဲပြောင်းပေးအပ်သည့် သင်ထောက်ကူပစ္စည်း အမျိုးအစားများမှာ (၁၄)မျိုး၊ အရေအတွက်အားဖြင့် (၁၂၀)ဖြစ်ပြီး တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ (၃၇၀၂၁) ရှိပြီး  အဆိုပါ သင်ထောက်ကူပစ္စည်းများအား Ms. Xiaojie Fan (FAOR),  Ms.Xavier Bouan (Senior Technical Advisor of the SLM Projects)တို့မှ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn