ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထိုင်းရိုးရာအနှိပ်နည်းပညာ ပါဝင်သွားပြီ

၁၆ ဒီဇင်ဘာ

ထိုင်းရိုးရာ အနှိပ်နည်းပညာဟာ ရှေးဟောင်းနည်းဖြစ်တဲ့ တံတောင်ကို အသုံးပြုပြီး ကိုယ်ခန္ဓာကို နှိပ်နယ်တဲ့ အနှိပ်နည်းပညာဖြစ်ပြီး ယူနစ်စကိုရဲ့ အမွေအနှစ်စာရင်းကို ကြာသပတေးနေ့က ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။

အနှိပ်နည်းပညာဟာ အိန္ဒိယနိုင်ငံက မူလဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရာစုနှစ်ချီပြီး အသုံးပြုနေတာဖြစ်ပါတယ်။ ၁၉၆၀ နှစ်များမှာ ကမ္ဘာတစ်ဝန်း အနှိပ်ပညာရှင်တွေကို အဆိုပါ အနှိပ်ပညာရပ်ကို သီးသန့် ကျောင်းဖွင့်ပြီး သင်ကြားပေးခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံကိုယ်စားပြုအဖွဲ့မှ ကိုင်ရက် ချန်ထရာသီက ယူနစ်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု(Intangible Cultural Heritage) စာရင်းမှာ ထိုင်းရိုးရာအနှိပ်ပညာကို  ထည့်သွင်းခြင်းခံရတဲ့အတွက် နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာမှာရော ပိုပြီးလေ့ကျင့်လာလာအောင် မြှင့်တင်လိုက်တာဖြစ်တယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဖူးခတ်ကမ်းခြေရှိ လမ်းမကြီးတွေဘေးများတွင် ထိုင်းရိုးရာအနှိပ်ခံခုံများကို တွေ့ရပါတယ်။ ဈေးနှုန်းအား တစ်နာရီကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ လောက်ဘဲ ပေးရပါတယ်။

ထိုင်းရိုးရာနည်းပညာ အနှိပ်ပညာသင်ကျောင်းကို ၁၉၆၂ ခုနှစ်က စတင်ဖွင့်လှစ်ပြီး နိုင်ငံပေါင်း ၁၄၅ နိုင်ငံက အနှိပ်ပညာရှင်ပေါင်း ၂၀ဝ,ဝ၀ဝ ကျော်ကို ပညာသင်ကြားပေးပြီးဖြစ်ပါတယ်။ ထိုင်းရိုးရာ အနှိပ်ပညာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ က စတင်ခဲ့တာလို့ သိရပါတယ်။

ထိုင်းနိုင်ငံတွင်းက spa တွေမှာ တစ်နာရီကို အမေရိကန်ဒေါ်လာ ၁၀ဝ သာပေးရပေမယ့် ထိုင်းရိုးရာအနှိပ် ခေတ်စားနေတဲ့ လန်ဒန်၊ နယူးယောက် နဲ့ ဟောင်ကောင်မှာတော့ နှစ်ဆ သို့မဟုတ် သုံးဆ အထိ ပေးရကြောင်း သိရပါတယ်။

MDN

ကိုးကား -AFP