ကမာရွတ်မြို့နယ် ကမ်းနားလမ်း သင်္ဘောကျင်းမှတ်တိုင်အနီးတွင် YBS ယာဉ်နှင့် တက္ကဆီအငှားယာဉ်တို့ တိုက်မိမှုဖြစ်ပွား

ကမာရွတ် ၂ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ သင်္ဘောကျင်းမှတ်တိုင်အနီးတွင် ယနေ့ နံနက် ၆ နာရီ ၂၂ မိနစ်ခန့်က YBS 40 ခရီးသည်တင်ယာဉ်နှင့် Taxi (အငှားယာဉ်) တိုက်မိမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းအရ သိရသည်။

 

63.

 

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ  ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် Taxi (အငှားယာဉ်)ပေါ်ပါ ကျား(၂)ဦး၊ မ(၁)ဦး(သေဆုံး)အား အဖြူရောင် နာရေးကူညီမှုအသင်း (ကြည့်မြင်တိုင်)ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

MDN

Credit,Myanmar Fire Service Department