ကလိန်အောင်မြို့၌ ခရီးသည်တင်မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်

ကလိန်အောင် ၁၅ ဖေဖော်ဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ နှမ်းကျဲကျေးရွာအနီး ရေး-ထားဝယ်သွား ကားလမ်း မိုင်တိုင်အမှတ် (၃၁/၅)နှင့် (၃၁/၆)အကြား၌ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇ နာရီခွဲက ခရီးသည်တင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်း မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နှမ်းကျဲကျေးရွာအနီး ရေး-ထားဝယ်သွားကားလမ်း မိုင်တိုင်အမှတ် (၃၁/၅)နှင့် (၃၁/၆)အကြား၌  ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နှမ်းကြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်စုံစမ်း ကြည့်ရှုစစ်ဆေးခဲ့ရာ ကလိန်အောင်မြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ယာဉ်မောင်း ဦးတင်လှ အသက်(၅၃)နှစ် ဟိန္ဒူ/ဗုဒ္ဓ၊ ဒေါင်းဇရပ်ရပ်ကွက်၊ မော်လမြိုင်မြို့ မွန်ပြည်နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါလာသော ယာဉ်အမှတ် - TNI - 50 / xxxx MINI BUS အမျိုးအစား (ဖြူ/ခဲရောင်) (မောင်လမြိုင်-ထားဝယ်-မြိတ်) ငွေကံ့ကော် ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ် နှမ်းကျဲကျေးရွာအလွန် ရေး-ထားဝယ်သွားကားလမ်း မိုင်တိုင်အမှတ် (၃၁/၅)နှင့် (၃၁/၆)အကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ ၁၀ ပေခန့်အနက်မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

 

845

 

ယာဉ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဉ်မှာ ပျက်စီးခဲ့ပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးတင်လှအား ကလိန်အောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

 

ကလိန်အောင်(ပြန်/ဆက်)