ကလေးတို့ချစ်တဲ့ ရေခဲမင်းသမီးလေး အယ်ဆာ

ကေ-ဂျူဝယ်လ်

ကလေးတို့ရေ ဒီတစ်ပတ်မှာတော့ ဖရိုဇန် (Frozen) မင်းသမီးလေးလို့ခေါ်တဲ့ ရေခဲမင်းသမီးလေး အယ်ဆာ (Elsa) ပါဝင်တဲ့ ဇာတ်ကားလေးနဲ့ နောက်ဆက်တွဲအမှတ်စဉ် ဇာတ်ကားလေးတွေအကြောင်းကို ပြောပြချင်ပါတယ်။ ဖရိုဇန်လို့ အမည်ရတဲ့အဲဒီဇာတ်ကားလေးကို ၂၀၁၃ ခုနှစ်မှာ ထွက်ရှိပြီး ကလေးတို့ကြည့်ရှုခွင့်ရခဲ့ပါတယ်။ သရီးဒီကွန်ပျူတာကာတွန်းဇာတ်ကောင်လေးတွေကို ကမ္ဘာကျော် ဝေါဒစ်စနေဆိုတဲ့ ကာတွန်း ဇာတ်ကောင်လေးတွေ မွေးဖွားတဲ့နေရာမှာပဲ အခြားသော မစ်ကီမောက်စ်တို့လိုပဲ မွေးဖွားခဲ့ပါတယ်။ အဓိက ကတော့ ရေခဲမင်းသမီးလေးရဲ့ ဇာတ်လမ်းလေးပေါ့လေ။ ကလေးတို့သိကြတဲ့အတိုင်း အဲဒီထဲမှာ သူ့ရဲ့ညီမဖြစ်သူ အန်နာနဲ့ စနိုးမန်းအုဖ်လို့ခေါ်တဲ့ ရေခဲတုံးကနေ လူဖြစ်တဲ့ ဇာတ်ကောင်လေးလည်း ပါဝင်တာပေါ့။

 

8480

 

ဒီဇာတ်ကားလေးကို ရိုက်ကူးထားသူ ဒါရိုက်တာကတော့ ချားဘတ်စ်နဲ့ ဂျနီဖာလီ တို့ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ သူတို့နှစ်ယောက်နဲ့ ရှိန်းမော်ရစ်တို့က ရေးသား ထားတာပေါ့။ သရုပ်ဆောင်တွေကတော့ ခရစ္စတန်ဘယ်လ်၊ အင်ဒီယာနာ မန်ဇယ်၊ ဂျိုနသန် ဂျရော့ဖ်စတဲ့သူတွေက အသံ သရုပ်ဆောင်ပေးထားကြပါတယ်။ ရုပ်ရှင်ကြာချိန် ၁၀၂ မိနစ်ကြာတဲ့ ဖရိုဇန်ဇာတ်ကားကို တစ်ကမ္ဘာလုံးက ပရိသတ်တွေက အားပေးခဲ့ ကြပါတယ်။

အဲဒီသရီးဒီဇာတ်ကားလေးဟာ ဒစ်စနေရဲ့ အအောင်မြင်ဆုံးဇာတ်ကားလို့လည်း ပြောနိုင်သလို အဲဒီဇာတ်ကားထဲက ကလေးတို့အားလုံး ရနိုင်တဲ့ သီချင်းလေးဖြစ်တဲ့ Let it go သီချင်း လေးဟာ ၂၀၁၄ ခုနှစ်မှာ အရောင်းရဆုံးစာရင်း ဝင်ခဲ့ပြီး ကော်ပီပေါင်းသုံးသန်းအထိ ရောင်းချ နိုင်ခဲ့ပါတယ်။ ဇာတ်ကားကိုလည်း ရုပ်ရှင်ရုံမှာ ပြသတဲ့အခါ ဝင်ငွေ ၁ ဒသမ ၂ ဘီလီယံအထိ ဝင်ငွေရခဲ့ဖူးပါတယ်။

အခုအချိန်မှာ ဖရိုဇန်ရဲ့ နံပါတ်စဉ် ၂ ဇာတ်ကားကို စတင်မိတ်ဆက်ခဲ့ပါပြီ ကလေး တို့ရေ။ ကလေးတို့လည်း မကြာမီကြည့်ခွင့် ရတော့မှာပါ။ အဲဒီဇာတ်ကားထဲမှာ အယ်ဆာနဲ့ အန်နာဆိုတဲ့ ကလေးတို့နဲ့ ရင်းနှီးတဲ့ ညီအစ်မ တွေကို သူတို့အဖေက ပုံပြင်လေးပြောပြတဲ့ ဇာတ်ဝင်ခန်းကို မြင်တွေ့ရပါတယ်။ အဲဒီ နောက်ပိုင်းမှာ ထူးဆန်းတဲ့အသံတစ်ခုကို သူတို့ကြားလိုက်ပြီး ဇာတ်ကားဟာ အမြင့်ဆုံး အထိ စိတ်ဝင်စားစရာတွေနဲ့ ကလေးတို့စိတ်ကို ဖမ်းစားနိုင်မယ်လို့ မမကတော့ ထင်ပါတယ်။

အန်နာကလေးဟာ ကလေးတို့သိတဲ့ ဇာတ်ကားမှာတုန်းက ချစ်သူရထားပြီးပေမယ့် ကလေးတို့ကြိုက်တဲ့ ဇာတ်ကားရဲ့ မင်းသမီး လေး အယ်ဆာကတော့ ချစ်သူမရှိသေးဘူးလေ။ အခုဇာတ်ကားသစ်မှာ သူတို့နိုင်ငံကနေ အယ်ဆာအစွမ်းတွေရလာတဲ့ နေရာအစစ် အမှန်ကို ရှာဖွေကြတဲ့ခရီးစဉ်လေး အကြောင်း ကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ခရီးလမ်းတစ်လျှောက် စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြတ်သန်းမှုတွေ၊ မှော်ဆန်တဲ့ အနှောင့်အယှက်တွေနဲ့ ညီအစ်မနှစ်ယောက် ရဲ့ ချစ်ခင်ရင်းနှီးမှု၊ ခံစားမှုတွေကို ဖော်ညွှန်း ထားတာမို့ ကလေးတို့ အခါခါ ထပ်ကြည့်ချင် မယ့် ဇာတ်ကားလေးအဖြစ် ကလေးတို့ ကြည့်ခွင့်ရတော့မယ်လို့ မမက မိတ်ဆက်ပေး ပါရစေ။

ဒီဇာတ်ကားလေးဟာ အခုနှစ်ဆန်း ကတည်းက ရိုက်ကူးပြီးဆုံးခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်ရက် နိုဝင်ဘာ ၂၂ ရက်မှစတင်ပြီး တစ်ကမ္ဘာလုံးမှာ စတင်ရုံတင်ပြသတာပဲ ဖြစ်ပါတယ်။ ။