ကလေးမြို့ပေါ်ရှိ Community Based Facility Quarantine Centre များကို လိုက်လံစစ်ဆေးပြီး အချိုရည်ဘူးနှင့်မုန့်များ ဖြန့်ဝေ

ကလေး ၂၅ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်ရှိ Community Based Facility Quarantine Centre များသို့ ယမန်နေ့က ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်နှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကာ အလှူရှင်များ လှူဒါန်းထားသော အချိုရည်ဘူးနှင့်မုန့်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ကလေးမြို့ပေါ်ရှိ Community Based Facility Quarantine Centre များဖြစ်ကြသည့် ကလေးတက္ကသိုလ်၊ သီတဂူမျက်စိဆေးရုံ၊ အထက(၁)နှင့် အထက(၈) တို့တွင် အသွားအလာကန့် သတ်ထားရှိသော  ပြည်ပပြန်များနှင့် ပြည်တွင်း Stay at Home မြို့နယ်များမှ  ပြန်လည်ရောက်ရှိလာသူများအား  လိုက်လံစစ်ဆေးကြည့်ရှုကြပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေး၍ ဥရောပ-အာရှကော်မာရှယ် ကုမ္ပဏီလိမိတက်မှ လှူဒါန်းထားသော  Hydro+ အချိုရည်ဘူးများနှင့် ဇော်ညီနောင် မုန့်မျိုးစုံလုပ်ငန်းမှ လှူဒါန်းထားသော ပေါင်မုန့်ထုပ်များအား  ပြန်လည် ဖြန့်ဝေပေးခဲ့ကြရာ သက်ဆိုင်ရာ Community Based Facility Quarantine Centre  တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

မာန်လမ့်တွောင်(ပြန်/ဆက်)