ကလောမြို့နယ် အောင်ပန်းမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား 

ကလော  ၃  ဇူလိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့နယ် အောင်ပန်းမြို့ ရွာငံစုရပ် ကွက် ၊နယ်မြေ(၃)တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဒေါ်သန်းမြင့် နေအိမ်၌  မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာအိမ်ပိုင်ရှင် ဒေါ်သန်းမြင့်  (၆၃)နှစ်၏ (၂)ထပ်နေအိမ်တွင် အပေါ်ထပ်ဘုရားစင် ဘေးရှိ TV SafeGuard  အပူလွန်ကဲရာမှ အနီးရှိ စာအုပ်စင်နှင့် မွှေ့ယာသို့မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မီးလောင်မှုကြောင့် ဒေါ်သန်းမြင့်တွင် ခြေ၊ လက်နှင့် နဖူး တို့တွင် (မစိုးရိမ်ရ)ဒဏ်ရာ ဖြင့် အောင်ပန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး  မီးလောင်မှုကြောင့် ပေ (၄၀×၃၀)  သွပ်မိုး၊ အုပ်ကာ၊ ပျဉ်ခင်း ၂ ထပ်အိမ်(အပေါ်ထက် )ဆုံး ရှုံးပျက်စီးခဲ့ ကြောင်းသိရသည်။ 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ အောင်ပန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး၊  အောင်ပန်းမီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအာကာငြိမ်း နှင့်  တပ်ဖွဲ့ဝင်များ၊ ကလောမြို့နယ် မီးသတ်ဦးစီးဌာန ဦးသန့်ဇော် နှင့် တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်(၄) စီး ဖြင့် ဝိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ရာ  မွန်းလွဲ ၂ နာရီ ၁၅ မိနစ် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
    
မြို့နယ် (ပြန်/ဆက်)