ကြက်သား ဒံပေါက်တစ်ပွဲကပေးတဲ့ အာဟာရ

articles_advs

ရေးသားသူ Ye Zon Aung ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ဒံပေါက်ဆိုတဲ့ အစားအစာဟာ မြန်မာတွေအကြိုက် အစားအစာတစ်မျိုးပါ။ကြက်သားတုံး ခပ်ကြီးကြီးလေးနဲ့ မဆလာနံ့သင်းသင်းလေးဟာ သာမန်လူတစ်ယောက်ကို အလိုလိုနေရင်း ဗိုက်ဆာလာအောင် ဆွဲဆောင်နိုင်ပါတယ်။

 

ရိုးရာအစားအစာတစ်ခု မဟုတ်ပေမယ့် ဒံပေါက်ဟာ မြန်မာတွေရဲ့ အလှူမင်္ဂလာနဲ့ ပွဲလမ်းသဘင်တွေရဲ့ အကျွေးအမွေးတွေမှာ မကြာခဏဆိုသလို ပါဝင်လေ့ရှိတဲ့အထိ လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။

 

ဒံပေါက်ဟာ အဆီဓာတ်များတဲ့ အစားအစာဖြစ်တာမို့ အလွန်အကျွံစားမိတဲ့အခါ သွေးတိုးတာ၊ အစာမကြေတာမျိုး တွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အသား၊ ဟင်းသီးဟင်းရွက်နဲ့ ဆန်တို့ပါဝင်တဲ့ ဒံပေါက်ဟာ လူ့ကျန်းမာရေးကို အထောက်အကူပြုပြီး ကောင်းကျိုးတွေလည်း ပေးနိုင်တယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။

 

အထူးသဖြင့် ကောင်းမွန်ကျနစွာ ချက်ပြုတ်ထားတဲ့ ကြက်သားဒံပေါက်တစ်ပွဲဟာ အနံ့အရသာနဲ့ ပြည့်စုံရုံ သက်သက်မဟုတ်ဘဲ အောက်မှာဖော်ပြထားသလို ကျန်းမာရေးဆိုင်ရာကောင်းကျိုး တွေကိုလည်း ပေးပါလိမ့်မယ်။

 

အဲဒါတွေကတော့ …

 

၁။ ကြက်သားဒံပေါက်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူဖြစ်ပါတယ်။

၂။ သီးစုံဒံပေါက်မဟုတ်တဲ့ ဒံပေါက်တွေဟာ အသားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အရိုးကိုခိုင်မာစေဖို့ အားပေးပါတယ်။

 

၃။ ကြက်သားမှာ Niacin နဲ့ Vitamin-B တို့ပါဝင်နေတာမို့ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချ ပေးနိုင်ပါတယ်။

 

၄။ ကြက်သားဒံပေါက်မှာ Vitamin – B6 လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

 

၅။ ဒံပေါက်မှာ ပါဝင်တဲ့ ကြက်သားဟာ ဖော့စဖောရပ်စ်ဓာတ်လည်း အများအပြားပါဝင်နေတာမို့ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သွားကိုဖြူစင်စေဖို့ အထောက်အကူဖြစ်ပါတယ်။

 

၆။ ဒံပေါက်ဟာ ကျောက်ကပ်၊ အသည်းနဲ့ နှလုံးတို့ရဲ့ လည်ပတ်ပုံကိုလည်း ချောမွေ့စေဖို့ ကူညီနိုင်ပါတယ်။

 

၇။ Selenium ပါဝင်တာကြောင့် သိုင်းရွိုက်ဟိုမုန်းနဲ့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

 

၈။ ဆန်၊ အသီးအရွက်နဲ့ ကြက်သားတို့ ပေါင်းစပ်ပါဝင်နေတာကြောင့် ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီ၊ သတ္တုဓာတ်နဲ့ ဗိုက်တာမင်ဓာတ်တွေလည်း ပါဝင်ပါတယ်။

 

ဒံပေါက်ဟာ လူကိုအကျိုးပြုစေတဲ့ အာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးတွေ အများအပြား ပါဝင်ပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ရှိနေပါတယ်။

 

သတိထားသင့်တဲ့ ဆိုးကျိုးတွေကတော့ …

 

၁။ ပမာဏများပြားတဲ့ အစားအသောက်တစ်ခုဖြစ်တာမို့ အစာကြေခဲပါတယ်။ ဒါကြောင့် နေ့စဉ်ရက်ဆက် မစားသင့်ပါဘူး။

 

၂။ ကိုလက်စထရောပမာဏ အများအပြားပါဝင်နေတာမို့ အဝလွန်စေနိုင်ပါတယ်။ ရေနွေး ဒါမှမဟုတ် လက်ဖက်စိမ်းလက်ဖက်ရည်မျိုးနဲ့ တွဲဖက်သုံးဆောင်တာက ပိုပြီးသင့်လျော်ပါတယ်။

 

၃။ အစာချေအင်္ဂါကို ထိခိုက်စေနိုင်ပြီး အနာဖြစ်တတ်ပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်