ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒူကထောင်ရပ်ကွက်အတွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား    ဇန်နဝါရီ   ၂၁

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း လမ်းများခင်းကျင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက် နယ်မြေ(၅)ရှိ ရပ်မိ/ရပ်ဖ များနှင့် ရပ်ကွက်နေ ပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်အတွင်း လမ်းများဖြစ်သည့် ဆိမ့်ဆလမ်း အရှည် ပေ ၁၂ဝဝ၊ မနောလမ်း အရှည် ပေ ၁၁ဝဝ၊ မဂ်လာလမ်း အရှည် ၁၃၂၅ ပေ တို့အား ခင်းကျင်းပေးနိုင်ရေး၊ ရပ်ကွက်အတွင်း ကလေးကစားကွင်း ဆောင်ရွက်နိုင်ရေး မြေနေရာအခြေ အနေနှင့် ရေဝပ်သည့်နေရာများတွင် ရေနုတ်မြောင်းများ ‌ဆောင်ရွက်နိုင်ရေး ကွင်းဆင်း စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အမြန်ဆုံး ဆောင်ရွက်‌ပေးနိုင်ရေးနှင့် လမ်းနှင့် ကစားကွင်းနေရာတို့ကို ကွင်းဆင်းတိုင်းတာ စစ်ဆေးတင်ပြရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)