ကိုယ့်ဝတ္တရား ကိုယ်ကျေပွန်အောင် ထမ်းဆောင်

၁၇ ဇူလိုင်

 

အစိုးရအရာထမ်း၊ အမှုထမ်းတွေဟာ မိမိတို့အပေါ်ကို တရားသဖြင့် ကျရောက်လာတဲ့ တာဝန်ဝတ္တရားတွေကိုလူထုနဲ့ တိုင်းပြည်မျက်နှာကိုထောက်ထားပြီး ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်။ ဒီလိုမှ ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြရင်လည်း ဆောင်ရွက်ဝံ့တဲ့လူတွေကို နေရာဖယ်ပေးကြစေချင်တယ်။ အစိုးရအမှုထမ်း၊ အရာထမ်းဆိုတာ အမှန်စင်စစ်တော့ ကိုယ့်ဝတ္တရား ကိုယ်ကျေပွန်အောင် ထမ်းဆောင်ဖို့ပဲ။ ကိုယ့်ဝတ္တရားကိုယ်ကျေပွန်ရင် ဘယ်သူ့မှလည်း ကြောက်ဖို့မလိုဘူး၊ ဘယ်သူကမှလည်း လက်ဖျားနဲ့မှ မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။

 

(ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ အသံလွှင့်မိန့်ခွန်းမှ ကောက်နုတ်ချက်)

 

ကြေးမုံ