ကိုယ်လက်လှုပ်ရှား​ဆေးတစ်ပါး အစီအစဉ်အရ ခန္ဓာကိုယ်အလေးချိန်၊ အရပ် ထိန်းညှိပေးခြင်း ​လေ့ကျင့်ခန်းများ ပူး​ပေါင်း​ဆောင်ရွက်

ဖာပွန် ၉ သြဂုတ်


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုယ်လက်လှုပ်ရှား​ဆေးတစ်ပါး (Exercise is Medicine) EMI အစီအစဉ်အရ ခန္ဓာကိုယ်အလေးချိန်၊ အရပ် ထိန်းညှိပေးခြင်း Body Mass Index(BMI) လေ့ကျင့်ခန်းများကို ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့နှင့်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်း၍ သြဂုတ် ၈ ရက်နေ့ ည​နေ ၃ နာရီမှ စတင်ကာ မိုးလုံ​လေလုံ အားကစားရုံ၌ ​​လေ့ကျင့်သင်ကြား ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

လေ့ကျင့်ခန်းများကို အပတ်စဉ် စ​နေ၊ တနင်္ဂနွေ(၂)ရက်စီဖြင့် သြဂုတ် ၃၀ ရက်​နေ့အထိ လေ့ကျင့်သင်ကြားသွားမည်ဖြစ်​ကြောင်း၊​ လေ့ကျင့်ခန်းများ ​ဆောင်ရွက်ခြင်းကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်​​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်သီတာ​အေး ဦးဆောင်၍ ဝန်ထမ်းများက လေ့ကျင့်သင်ကြား ဆောင်ရွက်​ပေးခြင်းဖြစ်​ကြောင်း သိရှိရသည်။


ထို့အပြင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားလှုပ်ရှားရခြင်း၏ အကျိုး​ကျေးဇူးများ၊ သက်ရှည် ကျန်းမာဖို့​နေ့စဉ် လမ်း​လျှောက်ကြစို့၊ လူတိုင်းအတွက် ကျန်းမာ​ရေး၊ ကိုယ်လက်လှုပ်ရှား ​လေ့ကျင့်ခန်း(၄)မျိုး စသည့် အ​ကြောင်းအရာများပါဝင်​သော အသိပညာ​ပေး လက်ကမ်းစာ​စောင်ကို အခမဲ့ဖြန့်​ဝေ​ ပေးခဲ့​ကြောင်း သိရှိရသည်။


တိုး​ဝေဇင်၊ စော​အောင်မျိုးလွင်(ပြန်ဆက်)

 

VideoCapture_20200809-161207