ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကိုပိုင်းခြားထားတဲ့ ကြွက်သားတစ်ခုရှိပါတယ်။ Diaphragm လို့ခေါ်ပါတယ်။ မြန်မာလိုတိုက်ရိုက်ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားပေါ့။ ဒီကြွက်သားကအသက်ရှူတဲ့လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီကြွက်သားက ထိန်းချုပ်လို့မဟုတ်ဘဲ သူ့အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက်ပိတ်ပိတ်သွားပြီး “အေ့ ဆိုတဲ့အသံနဲ့ ကြို့ထိုးတယ်ဆိုတာ ဖြစ်လာပါတယ်။

 

ဒါတွေက ကြို့ထိုးစေနိုင်ပါတယ်။

 

အစားအများကြီးစားတဲ့အခါ၊

 

ပီကေဝါးတာ သကြားလုံးစုပ်တာ၊

 

အရက်ဘီယာသောက်တဲ့အခါ၊

 

အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့

 

စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ်။

 

ဒါပေမယ့် ရောဂါရင်းမြစ်တစ်ခုခုရှိလို့လည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက လူတော်တော် များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ အရမ်းဖြစ်ခဲတဲ့ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီကြာနိုင်ပါတယ်။

 

နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခုဖြစ်နေလို့ပါ။ ဖြစ်နိုင်တာတွေအများကြီးထဲက နားစည်ကို ဆွနေသလိုဖြစ်နေတာ၊ လည်ပင်းမှာ အကျိတ်ဖြစ်တာ၊ အစာရေမျိုပြွန်မလုံတာ၊ လည်ချောင်းနာတာတွေတွေ။ ပိုပြီးဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်အမှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆေးတွေနဲ့ အရက်ကို နှစ်ရှည်လများ သောက်လာသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ယောကျာ်းတွေမှာ ပိုအဖြစ်များပြီး ကြာရှည်လည်းဖြစ်တတ်ပါတယ်။

 

ကြို့ထိုးတာက ခံရခက်တာကတော့ လူတိုင်းသိပြီးသားပါ။ ကာလကြာရှည်ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာရှိတဲ့အနာတွေမကျက်တာမျိုး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

 

ဘယ်လိုပျောက်အောင်လုပ်မလဲ။

 

ကြို့ထိုးတာက ကုသစရာမလိုဘဲ သူ့အလိုအလျောက်ကောင်းသွားတာပါပဲ။ ကိုယ်တိုင် ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန်ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး။ သာမန်ထက်ကြာနေရင်တော့ ရောဂါတစ်ခုခုဆိုတာ သိနိုင်ပါလိမ့်မယ်။

 

ကြို့ထိုးတာကိုပျောက်ကင်းစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ဘယ်နည်းက အလုပ်အဖြစ်ဆုံးလဲ ဆိုတာတော့ သေချာအတည်ပြုမှုတွေမရှိထားဘူး။

 

ရေသောက်ပါ။

 

အိတ်တစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လုပ်ပါ။

 

ရေခဲရေနဲ့ပလုပ်ကျင်းပါ။

 

အသက်ရှူအောင့်ပါ။

 

သံပရာသီးကိုက်ပါ။

 

မကြာခဏ ကြို့ထိုးတတ်တယ်ဆိုရင်တော့

 

အရက်နဲ့ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေကိုရှောင်ပါ။ လေထစေတဲ့ အစားအသောက်တ ွေရှောင်ပါ။

 

အစားကို အများကြီးတခါတည်းမစားဘဲ နည်းနည်းစီခွဲစားပါ။

 

 

ရေးသားသူ Dr. Thurein Hlaing Winဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်