ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကူးစက်ရောဂါ စာရင်းသွင်းရန်  ဝန်ကြီးချုပ် အာဘေး စီစဉ်

၂၇ ဇန်နဝါရီ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  အစိုးရသည်  ကိုရိုနာဗိုင်းရပ်စ်အသစ်၏ ကူးစက်မှုကိုသတ်မှတ်ထားသည့် ကူးစက်ရောဂါများစာရင်းတွင် ထည့်သွင်းရန် စီစဉ်ထားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံတွင် ဗိုင်းရပ်စ် ရောဂါပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အစိုးရမှ သက်ဆိုင်ရာ ဝန်ကြီးများအား တတ်နိုင်သမျှ ညွှန်ကြားထားကြောင်း  အောက်လွှတ်တော်ကော်မတီကို  ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ပြောကြားလိုက်သည်။

 

့အိ့မ

 

ဝန်ကြီးများအား ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် စစ်ဆေးခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေး အစီအမံများကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် အများပြည်သူများအား တိကျသည့် သတင်းအချက်အလက်များကို အမြန်ဆုံးပေးပို့ရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အာဘေးက ဂျပန်နိုင်ငံသားများအား ပြည်ပသို့ ခရီးထွက်နေခြင်း သို့မဟုတ် နေထိုင်နေခဲ့လျှင် ဘေးကင်မှုကို သေချာစေရန် လိုအပ်ကြောင်း အာဘေးက မှတ်ချက်ပြုခဲ့သည်။ 

 

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကူးစက်ရောဂါအဖြစ်သတ်မှတ်ရေးကို အင်္ဂါနေ့တွင်ကျင်းပမည့် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့်လူနာများအား အတည်ပြုပေးပြီးနောက် ကူးစက်ရောဂါများကို အထူးပြုပေးသည့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုသို့ ကိုယ်တိုင် ဝန်ခံရန် အကြံပေးမည် ဟု ဆိုသည်။ 

 

အကြံဉာဏ်ပေးရာတွင် မလိုက်နာသူများကို အတင်းအကျပ်ဝန်ခံခိုင်းမည်ဟု ဆိုသည်။

 

သတ်မှတ်ထားသည့် ကာလအတွက် အလုပ်မှ အနားယူရန်ခွင့်လည်း ၎င်းတို့အတွက် လိုအပ်မည်ဟု ဆိုသည်။

 

ဂျပန်အစိုးရသည် တရုတ်အစိုးရနှင့် အစီအစဉ်များပြုလုပ်ရန် အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

 

သို့မှသာ ဂျပန်လူမျိုးများသည် ဗိုင်းရပ်စ်ကူးစက်သည့် ဝူဟန်မြို့မှထွက်ခွာရန် ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်