ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန် နှာခေါင်းစည်းများလှူဒါန်း

မုံရွာ  ၁၇  ဖေဖော်ဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် နှာခေါင်းစည်း ၁၀၀၀၊ တီရှပ်အထည် ၂၀၊ Hand Sanitizer Dispenser တစ်စုံနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို  Young  Insurance ကုမ္ပဏီက  တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းထံ ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ   လူမှုရေးဝန်ကြီးရုံးခန်းသို့ လာရောက်လှူဒါန်းသည်။

 

ထို့ပြင် Young  Insurance ကုမ္ပဏီအနေဖြင့် လက်ဆေးရည်ဘူးနှင့် လက်ဆေးရည် ထည့်ခွက်များ အပါအဝင် နှာခေါင်းစည်းများကို  မုံရွာမြို့ရှိ ဆေးရုံများ၊ မုံရွာကားလေးကွင်းနှင့် မုံရွာလေဆိပ်တို့၌  ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒုတိယအထွေထွေ မန်နေဂျာ ဦးမျိုးသန့်ဇော်ထံမှ သိရသည်။

 

မွှေးကြူဇင်