ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဒုတိယအကြိမ် ပျံ့နှံ့ခဲ့မယ်ဆိုရင် ၁၂၀,၀၀၀ အထိ သေဆုံးနိုင်ကြောင်း လေ့လာတွေ့ရှိ

၁၄ ဇူလိုင်

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဒုတိယအကြိမ်အဖြစ် လာမယ့် ဆောင်းတွင်းမှာ ပျံ့နှံ့ခဲ့မယ်ဆိုရင် လူပေါင်း ၁၂၀,၀၀၀ လောက်အထိ ဆေးရုံတွေမှာတင် သေဆုံးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ဒီနေ့ (အင်္ဂါနေ့) မှာ သတိပေးလိုက်ပါတယ်။

 

 

ဗြိတိန်အစိုးရရဲ့ သိပ္ပံပညာအကြံပေး ပညာရှင် ပက်ထရစ် ဝေါလန့် က သုတေသန လုပ်ဆောင်ရန် သိပ္ပံပညာရှင်တွေကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ပညာရှင်တွေရဲ့ ဆေးဝါးဆိုင်ရာ သိပ္ပံပညာ သုတေသန စာတမ်းမှာ   ဒုတိယအကြိမ် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခဲ့ရင် အများဆုံး ကိုင်တွယ်ဖို့ လိုအပ်ကြောင်း၊ ဆေးရုံတွေမှာလည်း ရာသီတုပ်ကွေးကို ကိုင်တွယ်ဖို့ လိုအပ်ကြောင်း၊ ဒုတိယအကြိမ် ဗိုင်းရပ်စ်ပိုးဟာ စက်တင်ဘာကနေ လာမယ့်နှစ် ဇွန်လအထိ ဖြစ်နိုင်ကြောင်းနဲ့ အဲဒီအချိန်မှာ လူပေါင်း ၁၂၀,၀၀၀ လောက် သေဆုံးနိုင်ကြောင်း သုတေသနမှာ ရေးသားထားပါတယ်။

 

 

သုတေသန အဖွဲ့မှာ သိပ္ပံပညာရှင် ၃၇ ဦး ပါရှိကြောင်း သိရပါတယ်။ သုတေသန စာတမ်းမှာ ကွန်မြူနတီအတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ခြင်း၊ ပြည်သူတွေ သတင်း အချက်အလက် အားလုံးသိအောင် လုပ်ဆောင်ခြင်း၊ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူမှုဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံ အလုံလောက်ရှိအောင် လုပ်ဆောင်ရန် အကြံပြုထားပါတယ်။

 

 

ဒါ့အပြင် ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း၊ ရှာဖွေခြင်းနဲ့ သီးသန့်ထားခြင်းတို့ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ ကျန်းမာရေး ဝန်ထမ်းထားတွေအတွက် တုပ်ကွေး ကာကွယ်ဆေး အလုံအလောက် ရှိထားဖို့ စီစဉ်ရန်ပါ ရှိပါတယ်။

 

 

MDN

ကိုးကား - AFP

2429