ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ကမ္ဘာမှာ သေဆုံးသူ ၁ သန်းကျော်သွားစဉ် ဘရာဇီးနိုင်ငံမှာ လတ်တလော တူးထားတဲ့ သင်္ဂြိုဟ်ရာ မြေကျင်းများ

၂၈ စက်တင်ဘာ

 

 

ဘရာဇီးနိုင်ငံ ဆာပါလို ရှိ ဗီလာ ဖော်မိုဆာ သုဿန်မှာ လတ်တလော တူးထားတဲ့ မြေမြှုပ်သင်္ဂြိုဟ်ရန် ကျင်းလွတ်တွေ အမြောက်အများကို တွေ့ရတာ ဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ကမ္ဘာမှာ သေဆုံးသူ ၁,၀၀၂,၄၀၁ ဦးရှိပြီး ရောဂါပိုး တွေ့ရှိသူ ၃၃ သန်းကျော်ရှိကြောင်း ဒီနေ့(တနင်္လာနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ကမ္ဘာမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများ စာရင်းမှာ လက်တင်အမေရိကနဲ့ ခရစ်ဘီယန် ဒေသတွင် သေဆုံးသူ ၃၄၁,၀၃၂ ဦး ရှိပါတယ်။ အဲဒီစာရင်းထဲမှာ ဘရာဇီးနိုင်ငံရဲ့ သေဆုံးသူ ဦးရေဟာ ၁၄၁,၇၇၆ ပါရှိကြောင်း သိရပါတယ်။ ဘရာဇီးနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုး တွေ့ရှိသူ ၄,၇၃၂,၃၀၉ ဦး အနက် ရောဂါပိုး လက္ခဏာရှိသူ ၅၃၀,၄၄၅ ဦးရှိပါတယ်။ 

 

 

MDN

ကိုးကား - AFP