ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အားကစားသမား ၅၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်  ၉ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒို ပြိုင်ပွဲတွင် အားကစားသမား ၅၀၀‌ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း မိုးလုံလေလုံ အားကစားရုံ၌‌ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲ၌ အသက် ၁၂ နှစ်၊ ၁၇ နှစ်‌အောက်နှင့် ၁၈ နှစ်အထက် အမျိုးသား အမျိုးသမီး အတိုက်ကကွက် ပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ၀န်ကြီးဌာန အသင်းများ၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ၊ ကလပ်အသင်းများ စုစုပေါင်း ၂၈ သင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မည်သူအဆို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

အာကာစိုး