ကြို့ပင်ကောက်မြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရုတ်တိုင်းရင်းဆေး LianhuaqingwenJiaonang ရောင်းချခြင်းရှိမရှိ ရှောင်တခင်စစ်ဆေး

ကြို့ပင်ကောက်  ၊ ၂၆  ဇန်နဝါရီ 

ပဲးခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း အဖွဲ့သည် တိုင်းရင်းဆေးနှင့် အိမ်သုံးဆေးဝါးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် မှတ်ပုံတင်ထား ခြင်းမရှိသော တရုတ်တိုင်းရင်းဆေး LianhuaqingwenJiaonang ရောင်းချခြင်းရှိမရှိ ရှောင်တခင် စစ်ဆေးခြင်းကို ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ မြို့နယ်တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မြို့မဈေးနှင့် အနီးတစ်ဝိုက်တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရုတ်တိုင်းရင်းဆေး LianhuaqingwenJiaonang ရောင်းချခြင်းရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြရာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က ပြောသည်။

မြို့နယ်အတွင်းဆေးဆိုင်များတွင် အဆိုပါမှတ်ပုံတင်ထားခြင်းမရှိသော တရုတ်တိုင်းရင်းဆေး Lianhuaqingwen Jiaonang   ရောင်းချခြင်းမပြုရန် အသိပညာပေးဟောပြော၍ စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)