ကျိုင်းတုံ၌ သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ်(အကြို) စုပေါင်းအပျော်လူထုစက်ဘီးစီးပွဲကျင်းပ

ကျိုင်းတုံ   ၈    နိုဝင်ဘာ 

 

သျှမ်းသက္ကရာဇ်-၂၁၁၄ ခုနှစ်၊ သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ်အကြို စုပေါင်းအပျော်လူထုစက်ဘီးစီးပွဲကို ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်း၌ နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

 

 

a

 

အဆိုပါ စုပေါင်းအပျော်လူထုစက်ဘီးစီးပွဲမစတင်မီ ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ကော်မတီ၊ ဒုဉက္ကဌ ဦးစိုင်းဆမ်တစ်က စက်ဘီးစီးအဖွဲ့ဝင်များအား အမှာစကားပြောကြားပြီး ကျိုင်းတုံ၊ တာချီလိတ်နှင့် တာလေမှ စက်ဘီးစီးအဖွဲ့ခေါင်းဆောင်ကိုထူးဦးဆောင်သည့် စက်ဘီးစီးအဖွဲ့စုစုပေါင်း အင်အား (၁၀ဝ)ကျော်သည် ကျိုင်းတုံမြို့မအားကစားကွင်းမှစတင်ထွက်ခွာပြီး နောင်တုံကန် ညာဘက်လမ်းအတိုင်းပတ်၍ ကျိုင်းခုံလမ်း- မြို့မဈေးလမ်း- ကောက်ကော့လမ်း- ကျိုင်းလမ်းလမ်း- ဈေးတန်းလေးလမ်း -ဈေးတန်းကြီးလမ်း -မဟာမြတ်မုနိဘုရားကြီး -လေယာဉ်ကွင်းလမ်းမှပတ်၍ ပါလျံမြို့ရိုးတံခါး-ကျောက်တိုင်မှ မြု့မအားကစားကွင်း၌ ပြန်လည်ပန်းဝင်ခဲ့ကြကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)