ကျိုင်းတုံမြို့၌ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့် ကျေးရွာအသေးစား လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ ၂၄ စက်တင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့် အသေးစား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောင်ရွက်နေမှုကို  စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် ပန်ကြူအုပ်စု၊ ဝင်းဘိုကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

အဆိုပါ ကျေးရွာ၌  အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့် 59.13 KW အသေးစား လျှပ်စစ်ဓာတ်အား စနစ်(Mini-Grid) မီးလင်းရေးဦးစီးဌာန ၆၀%၊ ကုမ္မဏီ ၃၀%နှင့် ပြည်သူ ၁၀% ထည့်ဝင်ငွေများဖြင့် ဓာတ်အားပေးစက်ရုံ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

 

ဆက်လက်၍ ဝင်းဘိုကျေးရွာနှင့် ဓာတ်အားပေးစက်ရုံသို့ ဆက်သွယ်သည့်လမ်းအား အဆင့်မြှင့်နိုင်ရန် အတွက်  လက်ရှိအခြေအနေအား တိုင်းတာစစ်ဆေးခြင်းနှင့် မြစိမ်းရောင် အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)