ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ဦး လွတ်မြောက်

ကျိုင်းတုံ၊          ၁၃        ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်က ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင်  ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ၂၅၇ ဦး၊ အကျဉ်းသူ ၄၇ ဦး၊ နိုင်ငံခြားသား ၂၀ စုစုပေါင်း ၃၂၄ ဦး လွှတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လွတ်မြောက်လာသူများအား ၎င်းတို့မိသားစုဝင်များ၊ သူငယ်ချင်းများ၊ မိတ်ဆွေများက ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)