ကျိုက်မရောမြို့တွင် တန်​ဆောင်မုန်းလပြည့်​နေ့ မြို့လုံးကျွတ်ဆွမ်းအိုး​မျှောပွဲ ကြိတ်ကြိတ်တိုးစည်ကား

ကျိုက်မ​​ရော ၁၁ နိုဝင်ဘာ     

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်​သော(၃၅)ကြိမ်မြောက် ရှင်ဥပ္ပဂုတ္တမ​ထေရ် မြတ်ကြီးအား ပူ​ဇော်ပွဲနှင့် မြို့လုံးကျွတ် ဆွမ်းအိုး​မျှောပွဲကို ယ​နေ့နံနက်၅နာရီက အတ္တရံမြစ်ကမ်းနားတွင် ဆွမ်းအိုး​မျှောပွဲပြုလုပ်ရာ ယာယီမဏ္ဏပ်၌ ကျင်းပပြုလုပ်သည်။

 

87

 

ရှေးဉီးစွာ ရှင်ဥပ္ပဂုတ္တမထေရ်အား ပူ​ဇော်ကြပြီး တက်​ရောက်လာသူများက ဆွမ်းခဲဘွယ်ချိုချဉ်အရသာမျိုးစုံပါဝင်​သော ဆွမ်းအိုးများကို အတ္တရံမြစ်အတွင်း မဏ္ဏပ်အတွင်း၌ ပူ​ဇော်ထား​သော ရှင်ဥပ္ပဂုတ္တမ​ထေရ်အား ကပ်လှူပူ​ဇော်ရန် ဆွမ်းအိုးများကို ​မြစ်အတွင်းသို့ စု​ပေါင်း​မျှောခဲ့ကြ​ကြောင်း သိရသည်။

ယ​နေ့ကျင်းပပြုလုပ်သော ကျိုက်မ​​ရောမြို့နယ်လုံးကျွတ် ဆွမ်းအိုး​​​မျှောပွဲသည် တန်​ဆောင်တိုင် အများပြည်သူရုံးပိတ်ရက်များနှင့် တိုက်ဆိုင်​နေသဖြင့် အနယ်နယ်အရပ်ရပ်မှ ကျိုက်မ​ရောမြို့သို့ လာ​​​​ရောက် အပန်း​ဖြေသူများပါ​ ပါဝင်ပူ​ဇော်ကြသဖြင့် အတ္တမြစ်ကမ်းနားတစ်​လျှောက်တွင် တိုးမ​ပေါက်​အောင် ကြိတ်ကြိတ်တိုးစည်ကား လျက်ရှိ​နေပြီး ယခင်နှစ်များကထက် ပိုမိုစည်ကား​နေ​​ကြောင်း ဆွမ်းအိုး​မျှောပွဲသို့ ရောက်ရှိ​နေသူ​ ဒေသခံတစ်ဉီးထံမှ သိရသည်။

ချိုမြတ်မြတ်​ထွေး  ( ကျိုက်မ​ရော )