ကျိုက်မရောမြို့တွင် နှာခေါင်းစည်း ၁၀ဝ၀ အခမဲ့ဖြန့်ဝေ

ကျိုက်မရော ၂ ဇွန်

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြို့အဝင်ဘီးခွန်ဂိတ်နှင့် လူစည်ကားရာ လမ်းဆုံတို့တွင် ယနေ့မွန်းလွဲ ၃ နာရီက နှာခေါင်းစည်းတပ်ဆင်ရေး လှုံ့ဆော်မှုအဖြစ် ခရီးသွားလာနေကြသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှုပ်ရှားမှုတွင် ကျိုက်မရောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နှာခေါင်းစည်းအခု ၁၀ဝ၀ ကို ပြည်သူများအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍  လူတိုင်းအပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရန် ယခုကဲ့သို့ နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းဖြစ်ကြောင်း၊ နှာခေါင်းစည်း မတပ်သူများအား ဇွန် ၁ ရက်မှ ၇ ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားကာ ဇွန် ၈ ရက်မှစ၍ နှာခေါင်းစည်း မတပ်သူများကို စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)