ကျိုက်မရောမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေးလျက်ရှိ

ကျိုက်မရော ၂၀  ဖေဖော်ဝါရီ

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများအား ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီမှ စတင်ကာ အထက ကျိုက်မရော စာစစ်ဌာန၊ရုံးခန်းမ၌ စတင်ထုတ်ပေးလျက်ရှိသည်။

 

8520

 

အထက ကျိုက်မရောစာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားလာရောက်ထုတ်ယူရာတွင် မိမိတို့၏ ပတ်စပို့ဓာတ်ပုံတစ်ပုံ ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား၊မိဘမှတ်ပုံတင်နှင့် မှတ်ပုံတင်မရှိပါက အိမ်ထောင်စုစာရင်းတို့ကို တစ်ပါတည်း ယူဆောင်လာကြရန် မြို့နယ်ပညာရေးမှုးရုံးမှ ကြိုတင်အသိပေးထုတ်ပြန် ထားကြောင်း လက်ထောက်မြို့နယ် ပညာရေးမှုး ဦးစိုးဝေဖြိုး ထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)

 

963.