ကျိုက်မရောမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၇၀၄ ဦး ဝင်ရောက်ဖြေဆိုမည်

ကျိုက်မရော   ဇန်နဝါရီ   ၂၁


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန သုံးခု ထားရှိပြီး ကျောင်းတွင်းဖြေဆိုသူ ၅၃၈ ဦး၊ ပြင်ပ ဖြေဆိုသူ အတွဲ(၂) ၆၆ ဦး၊ အတွဲ(၇) ၁၀၀ ဦး စုစုပေါင်း ၇၀၄ ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။


တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် အထက-ကျိူက်မရော၊ အထက-ကဒါ၊ အထက-တရနာ ကျောင်းများ၌ စာစစ်ဌာနများ ဖွင့်လှစ်ထားရှိပြီး မြို့နယ်အချုပ်အနေဖြင့် အတွဲ(၁)ဖြေဆိုသူ ၅၃၈ ဦး၊ အတွဲ(၂) ဖြေဆိုသူ ၆၆ ဦး၊ အတွဲ(၇) ဖြေဆိုသူ ၁၀၀ စုစုပေါင်း ၇၀၄ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)