ကျိုက်မရောမြို့နယ်မှ မသန်စွမ်းသူ ၄၄၃ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်း ထောက်ပံ့ ပေးအပ်

ကျိုက်မရော  ၁၆  စက်တင်ဘာ   

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မသန်စွမ်းသူများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀ဝ၀ဝ)နှုန်းစီ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီ က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊(ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က အမှာစကား ပြောကြားပြီးမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်က မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဌေးဝင်းက ကျိုက်မရော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၈) အုပ်စုမှမသန်စွမ်းသူ(၄၄၃)ဦးအားတစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်   ၁၃၂၉၀ဝ၀ဝ အားပေးအပ်ရာ တာဝန်ရှိသူများကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံစနစ်တကျလွှဲပြောင်း ပေးအပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် မသန်စွမ်းသူများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်( ပြန်/ဆက်)