ကျိုက်မရောမြို့နယ်အတွင်း ရေကြီနစ်မြုပ်ခဲ့သော ချောင်းနှစ်ခွလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်ပြီးဖြစ်

ကျိုက်မရော ၁၀ စက်တင်ဘာ  


မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများဖြစ်သည့်ချောင်းနှစ်ခွလမ်းပိုင်တွင် မိုးသည်းထန်ကာ ချောင်းရေများတိုက်စားမှုကြောင့် လမ်းမကြီးအပေါ်၌ ချိုင့်ခွက်များစွာဖြစ်ပေါ်ခဲ့ပြီး ကားများဆိုင်ကယ်များမောင်းနှင်ရာတွင် အခက်ခဲများ ရှိခဲ့သည်။


အဆိုပါလမ်းပိုင်းအား ခရီးသွားပြည်သူများ လမ်းချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်နေပြီး ယခုရက်ပိုင်းမှစတင်ကာ အဆိုပါချောင်းနှစ်ခွဖာသိမ်လမ်းတွင် ကားများဆိုင်ကယ်များခရီးသွားများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
                 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)

 

1