“ကိုကိုတို့ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် ဒီဇင်ဘာ ၈

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက် လျက်ရှိရာ “ ကိုကိုတို့ အငြိမ့်”ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၁ ရက်၊ စနေနေ့ည(၈)နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည် ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို လူရွှင်တော်ဒိန်းဒေါင်က စီစဉ်ပြီး ဟာသမင်္ဂလာ ရွှေဆိုင်းတော် အဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ရွှေတံဆိပ်ဆုရှင် ဝါဝါခိုင်  ၊ ရှေ့ထွက်မင်း သမီး ဒီဒီး  ၊ လူရွှင်တော်များဖြစ်ကြသည့် ရွှင်ပျော်၊  ရာဇာပေါက်စီ ၊ ဝက်မနှင့် စိန်ပန်းသီး တို့က  ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 ထိုသို့ တင်ဆက်မှုကို ဒီဇင်ဘာ (၁၅)ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)