ကျိုက်ဒုံမြို့၌ ဇီဇဝါလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့်​ ဒေဇီလမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကျိုက်ဒုံ၊  ၁၄  ဇန်နဝါရီ

 

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေး အဖွဲ့မှ(၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၃ သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ ဇီဇဝါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လမ်းပေအရှည် ၃၂၀ ၊ အကျယ် ၁၀ ပေ၊ ၆ လက်မထု ရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက် ဒေဇီလမ်းခွင့်ပြုရန်ပုံငွေကျပ် ၈ ဒသမ ၈၅၀ သန်း၊ ကွန်ကရစ်လမ်း အရှည် ပေ ၄၇၀ ၊အကျယ် ၁၀ ပေ၊ ၆ လက်မ ထု ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ရာမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း ကျိုက်ဒုံမြို့စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

 

 

သန်းထွန်းနိုင်(ပြန်/ဆက်)