ကိုဆိုဗို ဝန်ကြီးချုပ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

၃ ဩဂုတ်

 

 

ကိုဆိုဗိုဝန်ကြီးချုပ် အက်ဒူလာ ဟော့တီမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်းနဲ့ သီတင်းနှစ်ပတ်ကြာ သီးခြားနေထိုင်သွားမှာဖြစ်ကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။

 

 

ဝန်ကြီးချုပ်က သူ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ ရောဂါပိုးရဲ့ လက္ခဏာတွေထဲမှာ ချောင်းဆိုးတာကလွဲပြီး တခြားလက္ခဏာ မရှိကြောင်း၊ ဩဂုတ် ၂ ရက်နေ့ကစပြီး သီးတင်းနှစ်ပတ် အိမ်ကနေသာ အလုပ်လုပ်တော့မှာ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာ ကနေတစ်ဆင့် ကြေညာလိုက်ပါတယ်။

 

 

ဟော့တီဟာ ဝန်ကြီးချုပ်ရာထူးကို ဇွန်လဆန်းပိုင်းကစပြီး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ လူဦးရေ ၁ ဒသမ ၈ သန်းနေထိုင်တဲ့ ကိုဆိုဗိုနိုင်ငံမှာ လူပေါင်း ၉,၀၀၀ နီးပါး ဗိုင်းရပ်စ် ကူးစက်ခံပြီး ၂၄၉ ဦး သေဆုံးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

2356