ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၅၅၀ ထပ်မံတွေ့ရှိ၊ ရောဂါပိုးရှိသူ စုစုပေါင်း ၇၂၉၂ ဦး ရှိသွားပြီ

နေပြည်တော် ၂၃ စက်တင်ဘာ

 

ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၅၅၀ ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၇၂၉၂ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၇၂၉၂ ဦးအနက် သေဆုံးသူ ၁၃၀၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၂၀၈၅ ဦးနှင့် စက်တင်ဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၄၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

 

သတင်းစဉ်