ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်‌နေရာများအတိုင်း‌ ဈေးရောင်းဝယ်ရေးကွင်းဆင်း အသိပညာ‌ပေး ဆောင်ရွက်

ဘောလခဲ  ၄  ဧပြီ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မစျေး၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် အသား/ငါးအရောင်းဆိုင်များတွင် သတ်မှတ်နေရာအတိုင်း ဈေးရောင်းဝယ်ရေး ကွင်းဆင်အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီခွဲ အချိန်၌ စတင်ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ဆောင်ရွက်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထိုက်ဦး ဦးဆောင်ဝန်ထမ်းများဖြင့် မြို့မစျေးတွင်း ရောင်ချသည့် ပျံကျစျေးသည် နေရာများအား (၃)ပေ အကွာအဝေးနေရာများ ခဲခြစ်သတ်မှတ်ခြင်း၊ စားသောက်ဆိုင်တွင်း ရောင်ချခြင်းမပြုဘဲ ပါဆယ်သာရောင်းချစေခြင်းဖြင့် ဆောင်ရွက်ကြရန် စားသောက်ကုန်ပစ္စည်းများအား သပ်ရပ်သန့်ရှင်းအောင် စီမံဆောင်ရွက်ထားရှိပြီး ရောင်းချပေးသွားကြရန်နှင့် စျေးဖွင့်ရက် တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေကို ဖွင့်ရက်သတ်မှတ်ပြီး ကျန်ပိတ်ရက်ကို အပတ်စဉ် ဆေးဖျန်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လှရွှေ