ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်မားနေသည့် နိုင်ငံ ခုနှစ်နိုင်ငံနှင့်ပတ်သက်ပြီး အီးယူသတိပေး

စတော့ဟုမ်း ၂၆ စက်တင်ဘာ

ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးမှုနှုန်းမြင့်မားနေသည့် စပိန်၊ ရိုမေးနီး ယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဟန်ဂေရီ၊ ချက်နှင့်မော်လ်တာနိုင်ငံတို့ နှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေရပြီဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)ရောဂါထိန်းချုပ်ရေးအေဂျင်စီက သတိပေးပြောကြားလိုက်သည်။ အဆိုပါနိုင်ငံ ခုနစ်နိုင်ငံတို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက် ရောက်ရသည့်အရေအတွက်နှင့် ရောဂါသည်းထန်သည့် လူနာများပြား နေသည့်အပြင် သေဆုံးမှုနှုန်းလည်း ဆက်တိုက်မြင့်တက်နေသည်။

ရောဂါထိန်းချုပ်ရေးအေဂျင်စီက အဆိုပါခုနစ်နိုင်ငံအပြင် ပြင်သစ် နှင့် ဗြိတိန်တို့အပါအဝင် ဥရောပ ၁၃ နိုင်ငံတို့ကိုလည်း စိုးရိမ်စရာအနေ အထားတွင် ရှိနေသည့်နိုင်ငံများအဖြစ် သတ်မှတ်ခဲ့သည်။ ပြင်သစ် နိုင်ငံတွင် ကိုဗစ်-၁၉ကြောင့်သေဆုံးမှုနှုန်း အလွန်မြင့်မားလာမှု မရှိသေးသော်လည်း ရောဂါကူးစက်မှုနှုန်းမှာ တစ်ရက်ထက်တစ်ရက် သိသိ သာသာ တိုးနေဆဲဖြစ်သည်။ ကန့်သတ်မှုများထပ်တိုးလုပ်ဆောင်နေ စဉ်မှာပင် ကူးစက်မှု ဆက်လက်မြင့်တက်နေခြင်း၊ သက်ကြီးရွယ်အို များတွင် ကူးစက်မှုနှုန်း မြင့်မားနေခြင်းနှင့် သေဆုံးမှုနှုန်း ဆက်လက် မြင့်တက်နေခြင်းက စိုးရိမ်စရာအနေအထားဖြစ်ကြောင်း အီးယူ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ အစီရင်ခံစာတွင် အသက်အရွယ်ကြီးရင့် တဲ့သူတွေမှာ ကူးစက်မှုတွေ ပိုများနေသလို သူတို့က အခြားသူတွေထက် ခုခံအား ၁၅ ရာခိုင်နှုန်းပိုနည်းပါတယ်ဟု ဖော်ပြထားသည်။ ။

ယခုလို ကူးစက်မှုမြင့်မားနေခြင်းမှာ မိသားစုညစာစားပွဲများ၊ မင်္ဂလာပွဲကဲ့သို့လူစုဝေးမှုများပြားသည့် အခမ်းအနားများကို ကျင်းပခွင့်ပြု ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဥရောပကော်မရှင်နာဖြစ်သူ စတယ်လာက စားသောက်ဆိုင်များ၊ ဘာသာရေးအခမ်းအနားများ၊ ဆိုင်များအားလုံးကို ပိတ်ထားရန် လိုအပ်သလို မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်း လူအများအပြား စုဝေးတွေ့ဆုံမှုများကိုလည်း ယခုလိုအချိန်တွင် ကန့်သတ် ရမည်ဖြစ်သလို ခပ်ခွာခွာနေရေးစည်းမျဉ်းကိုလည်း လူတိုင်းအလေး ထားလိုက်နာမှသာ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေခြင်းကို ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန်-မေလဲ့သင်း