ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်း

mdn

မန္တလေး ၂၀ အောက်တိုဘာ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဌာနဆိုင်ရာများက အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မိသားစုက ငွေကျပ် ၇၈၇,၀၀၀၀ ကျပ်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ မန္တလေးခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံး မိသားစုက ငွေကျပ် ၂၅၀၀,၀၀၀၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်/မြို့နယ်ဥပဒေရုံး မိသားစုက ငွေကျပ် ၂၅၀၀,၀၀၀၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ မိသားစုက ငွေကျပ် ၁၇၀၀,၀၀၀၊ ဦးဘလွင်+ဒေါ်အမာ (ဆင်တံဆိပ်သင်္ကန်းတိုက်) မိသားစုက ငွေကျပ် ၁၀၀၀,၀၀၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါအလှူငွေများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ယနေ့နံနက် ၁၀ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၉၉ ဦးရှိကြောင်း သိရသည်။

 

ဖြိုးအိ