ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း

စစ်ကိုင်း ၅ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်း (စစ်ကိုင်း)မှ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သန့်ရှင်းရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဧပြီ(၅)ရက်၊ နံနက်ပိုင်းက အမှတ်(၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့ (စစ်ကိုင်း)ရုံးတွင် ပေးအပ် လှူဒါန်းခဲ့သည်။

 

05020

 

လှူဒါန်းပေးခဲ့သည့် သန့်ရှင်းရေးသုံးပစ္စည်းများမှာ အပူချိန်တိုင်းကိရိယာ(၂၁)ခု၊ Hand Gel ဘူး (၂၀ဝ)၊ နှာခေါင်းစည်း ခုရေ (၃၀ဝ၀) ပေးအပ်လှူဒါန်းခဲ့ပြီး လှူဒါန်းပေးခဲ့သည့် နှာခေါင်းစည်း(၁၅၀ဝ)အား အမှတ် (၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့(စစ်ကိုင်း)မှ ဒုတိယရဲမှူးဝင်းကိုကို ဦးဆောင်၍ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များက မြိုံမဈေးအနီး လမ်းဆုံတွင် ပြည်သူများထံ ဆက်လက် ဖြန့်ဝေပေးခဲ့သည်။

 

" ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)ကနေ ကျွန်တော်တို့ယာဉ်ထိန်း တပ်ဖွဲ့ကို လှူဒါန်းပေးတဲ့ နှာခေါင်းစည်း(၁၅၀ဝ)ကို ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆက်လက်ပြီး ဖြန့်ဝေပေးသွာတာပါ " ဟု ဒုတိယရဲမှူး ဝင်းကိုကိုက ပြောပြ၍သိရသည်။

 

ဇော်မြင့်နိုင်(စစ်ကိုင်းခရိုင်ပြန်/ဆက်)