ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး အသိပညာပေး

လှိုင်းဘွဲ     ၁     ဇူလိုင်  

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာ/မ များအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာ‌ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းနှင့်  ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်မြင့်မြင့်ဝင်းတို့က ဆရာ/မ များအား ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါ ကူးစက်နိုင်သည့် အခြေအနေ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ Face Shield များ စနစ်တကျ တပ်ဆင် ရေး၊ စနစ်တကျလက်ဆေးနည်း၊ ကျောင်းသား၊ ကျောင်းသူ များအား အပူချိန်တိုင်းတာ ရာတွင် စနစ်တကျရှိစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)