ကိုဗစ် ၁၉  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်း                

မလှိုင်    ဧပြီ   

   

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် ကိုဗစ် ၁၉  ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သော အထောက်အကူပစ္စည်းများကို မြို့နယ်ပညာရေးဌာန ဝန်ထမ်းများ စုပေါင်း၍ ဧပြီ ရက်က မြို့နယ် ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

     

အခမ်းအနားတွင် မြိုနယ်ပညာရေးမှူး ဦးရွှေက လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  ပညာရေးဝန်ထမ်းများကိုယ်စား အသက်ရှူစက် လုံး၊ PPE ဝတ်စုံ စုံ၊ OXIMETER ခု၊  ပိုးသတ်ဆေး ၁၀ လီတာ ပုံး၊ ပိုးသတ်ဖျန်းဆေး လီတာ ပုံး၊ အပူချိန်တိုင်းကိရိယာ ၂ ခုတို့ကို ပေးအပ်ရာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်းက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

အဆိုပါ လှူဒါန်းမှု၏ စုစုပေါင်း တန်ဖိုးငွေမှာ ၁၇ သိန်း နှစ်သောင်းရှိကြောင်း သိရသည်။

 

အောင်ဌေး(မလှိုင်)