ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  (ပျံကျ) ဈေးသည် ၂၀ဝ ကျော်အား ယာယီ  နေရာခွဲထုတ် ရောင်းချ

ဝါးခယ်မ ၅  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအား ကြိုတင် ကာကွယ်သည့်အနေဖြင့် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်၊ ကုန်ခြောက် အပါအဝင်  (ပျံကျ) ဈေးသည် ၂၀ဝ ကျော်အား ဧပြီ ၄ ရက်နေ့ နံနက်မှ စကာ  နေရာ ခွဲထုတ် ရောင်းချ လျက်ရှိသည်။

 

20200

 

အဓိကတော့ လူကျပ်တည်းနေတာကို လျော့ချတဲ့ သဘောပါပဲ။ ဈေးရောင်းဈေးဝယ်တွေနဲ့ နေ့စဉ် လူအများဆုံး နေရာဖြစ်တဲ့အတွက် အခုလို ဆောင်ရွက်တာပါ။ ပျံကျဈေးမှာ ဟင်းသီး ဟင်းရွက်၊ ကုန်ခြောက်၊ ဘဲဥ ကြက်ဥ၊ မုန့်ဟင်းခါးခေါက်ဆွဲဆိုင်၊ အဝတ်အထည်၊ ကွမ်းဆိုင်၊ မုန့်ဆိုင်တွေပါတယ် စုစုပေါင်း (ပျံကျ) ဈေးသည် ၂၃၀ ကျော် ရောင်းချလျက်ရှိပါတယ်။ မြို့မဈေးမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေ၊ ဆေးဖြန်းခြင်းလုပ်ငန်းတွေကိုလဲ လုပ်ဆောင်ပေးနေပါတယ် " ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်စိုးကပြောသည်။

 

အဆိုပါ ပျံကျဈေးသို့ ခွဲထုတ်ရောင်းချခြင်းသည်  ဧပြီ ၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယာယီ သတ်မှတ် ထားရှိပြီး ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ပြီးဆုံးပါက ဈေးသည်များအနေဖြင့် ယခင်ရောင်းခဲ့သော နေရာများတွင် ပြန်လည်ရောင်းချရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)