ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား  ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၇

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မြဝတီ၊ ချင်းရွှေဟော် နယ်စပ်စခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၀၀၀) ခု၊ Oxygen Plant (၁၅)ခု၊ အိမ်သုံး Oxygen Concentrator (၃၆၇)ခု၊ Covid Test Kit (၁၀၂၆၀) ခု၊ PPE (၁၅၇၁၇၇)စုံ၊ လက်အိတ် (၁၆) တန်နှင့် နှာခေါင်းစည်း (Mask) (၃၂)တန် တင်သွင်းခဲ့သည်။ ​ Oxygen Plant (၁၅)ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ (၁၄) ခုနှင့် ချင်းရွှေဟော်မှ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့သို့ (၁) ခု ဖြစ်ကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာ တွင်နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

(သတင်းစဉ်)