ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေးစစ်တမ်း မရမ်းကုန်းမြို့နယ်တွင် ကောက်ယူမည်

ရန်ကုန် ၂၂ မေ

 

လတ်တလော ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးစစ်တမ်းကို မေ ၂၃ ရက်၌ မရမ်းကုန်းမြို့နယ်တွင် ကောက်ယူသွားမည်ဖြစ်သည်။

 

မရမ်းကုန်းမြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး မြို့နယ်နေလူဦးရေမှာ သိန်း သောင်း ဝန်းကျင်ရှိသည်။ မေ ၂၃ ရက်တွင် မြို့နယ်ရှိရပ်ကွက်များမှ အမှတ် () () () () () ရပ်ကွက်ရှိ ပြည်သူများကိုသာ ကျန်မာရေးစစ်တမ်း ကောက်ယူမည်ဖြစ်သည်။

 

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စစ်တမ်းကောက်ယူမည်ဖြစ်သည်။ ထိုသို့ကောက်ယူရာတွင် ကိုယ်အပူချိန် (အဖျား) တိုင်းသည့် မော်တော်ယဥ် စီး၊ အဖျားတိုင်းသည့်စက်များ၊ သူနာပြုများပါဝင်သည့် အင်အား ၁၅၀၀ ဝန်းကျင်ဖြင့် စစ်တမ်းကောက်ယူမည်ဖြစ်သည်။

 

မရမ်းကုန်းမြို့နယ်ရှိ ပြည်သူများအားလုံးကို ကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းမပြုဘဲ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာနှင့် ဆက်စပ်နေသည့် နေရာနှင့် နီးစပ်နေသူများကိုသာ စစ်တမ်းကောက်ယူမည် ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် အင်းစိန်မြို့နယ်တွင် မေ ရက်က ကောက်ယူခဲ့ပြီး မေ ၁၆ ရက်တွင် လှိုင်သာယာမြို့နယ်နှင့် မေ ၁၇ ရက်တွင် တာမွေမြို့နယ်တို့၌ ကောက်ယူခဲ့ကြောင်း သိရသည်။

 

အောင်သူရ